ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၅ ဦး ထပ်မံတွေ့ရှိ၊ ၁ ဦး ပြန်လည်ကျန်းမာလာ

ဟားခါး နိုဝင်ဘာ ၃၀

ဟားခါးမြို့၌ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် လူနာများအနက် ဦး ပြန်လည်ကျန်းမာလာကြောင်း သိရသည်။

သံသယရှိသူ ၂၈ ဦးကို Test Kit ဖြင့် စစ်ဆေးရာ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခြင်းဖြစ်သည်။ 

ဟားခါးမြို့နယ်၌ ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ရောဂါပိုးတွေ့လူနာ ၁၃၃၄ ဦး၊  ဆေးရုံဆင်းခွင့်ရသူ ၁၂၇၁ ဦး၊ သေဆုံးသူ ၄၂ ဦး၊ ဆေးကုသမှုခံယူဆဲ ၁၈ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။