ဆီဆိုင်မြို့နယ်၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်
Dec 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ပြည်တွင်း ကူးစက်မှုနှုန်း မြင့်တက်နေသည့်ကာလအတွင်း ကာကွယ်၊ ထိန်းချုပ်သည့်အနေဖြင့် ယာယီ ပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းနေပြီဖြစ်သည့်အတွက် ယမန်နေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။