သတင်းများ

နောင်ခလုံး-လော်ကော် ကျေးရွာချင်းဆက် မြေသားလမ်း (၆)မိုင်၊ (၄)ဖာလုံ အနက် (၂)မိုင်အား ကျောက်လမ်းခင်းခြင်း
Dec 07,2021
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ နောင်ခလုံး-လော်ကော်ကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်လမ်းခင်းခြင်း လုပ်ငန်းကို နို၀င်ဘာလ တတိယအပတ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာအုပ်စုတွင် ကုန်ထုတ်လမ်းကောင်းမွန်စေရေး စက်ယန္တရားများဖြင့် ပြင်ဆင်ဆောင်ရွက်နေ
Dec 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ရွာသူရွာသားများ၊ လယ်သမားများပူးပေါင်း၍ ကျေးရွာအုပ်စုအတွင်းရှိ ကုန်ထုတ်လမ်းများ ကောင်းမွန်စေရေး၊ ကုန်းလမ်းသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် စက်ယန္တရားများဖြင့် မြေသားလမ်းများအား ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ချက်များအား ကျေးရွာအရောက် လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်
Dec 07,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို လျော့နည်းစေ ပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပြန်ကြားချက်များအား ယနေ့နံနက်ပိုင်းအချိန်က ပိုင်ကျုံမြို့အတွင်းရှိ ထန်းတပင်ကျေးရွာအုပ်စု ကွီးကျယ်ကျေးရွာ၌ အသိပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    
ပန်းတောင်းမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Dec 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရ​​ခြင်းများကို ယနေ့ နံနက်ပိုင်းက ဆေးထိုးစုရပ်(၅)နေရာတွင်  ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
စဉ့်ကိုင်မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်Onlineမှတစ်ဆင့်အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ်ဆောင်ရွက်
Dec 07,2021
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကိုဗစ်-၁၉ရောဂါ    ဖြစ်ပွားနေသည့် ကာလအတွင်း   ပြည်သူ့စာကြည့်တိုက်  သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ သားငယ် သမီးငယ် လေးများအတွက် စာပေဗဟုသုတ  ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို  စဉ်ဆက်မပြတ် ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိသည်။
ကျိုက်ဒုံမြို့၌ ​ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် အသိပညာပေးနှိုးဆော်ချက်များ စဉ်ဆက်မပြတ် ဆောင်ရွက်
Dec 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရေး အတွက် ယနေ့ နံနက် ၉နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၂)ရပ်ကွက်၊လမ်းသွယ်နေရာများတွင် ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ရောဂါ အသိပညာပေး နှိုးဆော်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးရေး အစည်းအဝေး ကျင်းပ
Dec 07,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲက မြို့နယ်အုပ်ချုပ်ရေး မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရန် အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေး
Dec 07,2021
မန္တလေးခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မန္တလေးခရိုင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ သိရသည်။