သတင်းများ

မုံရွာမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲ ပြုလုပ်
Nov 25,2021
၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲကို ယနေ့ နေ့နံနက် ၁၁ နာရီအချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လဲချားတွင် (၁၀၁) နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပန်းချီ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Nov 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ (၁) နာရီ အချိန်က (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပန်းချီဆေး ရောင်ခြယ် ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မင်္ဂလာဒုံ မြို့နယ်တွင် အသက်( ၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ဆင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ‘‘ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့'' ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် (၉)နာရီမှစတင်၍ ဆက်လက်ထိုးနှံပေးသည်။
ကလေးဝမြို့၌ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်
Nov 25,2021
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ မူလတန်းအဆင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲကို ယနေ့ နေ့ ၁၂ နာရီက ပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေ‌သော အသက်(၁၈)နှစ်အထက် ပြည်သူများအား ကာကွယ်‌ဆေး ဆက်လက်ထိုးနှံပေး
Nov 25,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် အသက် ၁၈နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းနောင်မြို့ ပြန်/ဆက်ဦးစီးဌာန Community Center ခန်းမတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး (Talk Show) ပြုလုပ်
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Center ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ( Talk Show) ကို ယနေ့နံနက်(၈)နာရီအချိန်တွင် ပြုလုပ်‌​ဆောင်ရွက်ခဲ့သည်။
မိုင်းရှူးမြို့၊ မြို့မ စည်ပင်သာယာဈေး မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက  ယနေ့ နံနက် ၁ဝ နာရီ အချိန်ခန့်က မြို့မစည်ပင်သာယာဈေးအတွင်း ပုံမှန်မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်အတွင်းရှိ မြို့မဈေးနှင့်ရန်ပယ်ဈေးအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် မြို့နယ်အတွင်းရှိဈေးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မကွေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ယနေ့နံနက် (၉)နာရီအချိန် က မကွေးမြို့မဈေးနှင့်ရန်ပယ်ဈေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။