မကွေး နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် မြို့နယ်အတွင်းရှိဈေးများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မကွေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ယနေ့နံနက် (၉)နာရီအချိန် က မကွေးမြို့မဈေးနှင့်ရန်ပယ်ဈေးတို့အား လိုက်လံကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဆောင်းတင် ၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထိုက်စိုး၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသန်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မကွေးမြို့မဈေးနှင့် ရန်ပယ်ဈေး တို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဈေးအတွင်းရှိ လမ်းအဝင်အထွက်များအား မီးသတ်ကားများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရေး၊ ဈေးဆိုင်ခန်းများတွင် သွယ်တန်းထားသော လျှစ်စစ် ဝိုင်ယာကြိုးများအား ဝပ်အားလျော့နည်းသည့် မီးကြိုးများ မသုံးစွဲဘဲ ကြံ့ခိုင်မှုကောင်းမွန်သော ဆားဗစ်ကြိုးများ သုံးစွဲရေး၊ မီးသတ်ဆေးဘူးများအား ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် လက်လှမ်းမီနိုင်သော နေရာများတွင် ထားရှိရေး၊ ရေသိုလှောင်ကန်များတွင် ရေများ ဖြည့်ဆည်း ထားရေးနှင့် မီးသတ်ရေငုတ်တိုင်များ အဆင်သင့်ရေဖြည့်ထားရှိရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နောက် ဈေးကော်မတီဝင်များအား တွေ့ဆုံ၍ ဈေးများလုံခြုံရေးစနစ်တကျ ထားရှိရေး မှာကြား ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)