မိုင်းရှူး နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ယနေ့ နံနက် ၁ဝ နာရီ အချိန်ခန့်က မြို့မစည်ပင်သာယာဈေးအတွင်း ပုံမှန်မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်၊ မြို့နယ် ရဲတပ်ဖွဲမှူးရဲမှူးဇော်နီ ချစ်၊မြို့နယ်မီးသတ်ဦးစီး မှူး ဦးဝင်းဇင်ဖြိုးနှင့် မီးသတ် တပ်ဖွဲ့ ဝင်များ၊ မြို့နယ်စည်ပင်အလုပ် အမှုဆောင် ဦးဉာဏ်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ် လျှပ်စစ် ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းမှတာဝန် ရှိသူများက အမှတ်(၃) ရပ် ကွက်အတွင်းရှိ မြို့မစည် ပင်ဈေးတွင် လျှပ်စစ်သွယ် တန်းမှုနှင့်သုံးစွဲမှု အခြေအနေမီးငြိမ်းသတ်ရေးပစ္စည်းကိရိယာများ စနစ်တကျ ထားရှိသုံးစွဲမှု ၊ ရေရရှိရေးနှင့် ရေသို လှောင်ထားမှုအခြေအနေ၊ ပစ္စည်းများ ကာကွယ်ထိန်းသိမ်းခြင်းနှင့် ဈေးပတ်ဝန်းကျင မီးဘေးအန္တရာယ်အခြေအနေများကို ကြည့် ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)