သတင်းများ

စုကလိမြို့တွင် “တားဆီးကာကွယ် လူကုန်ကူးမှုအန္တရာယ်” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်
Jul 04,2022
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများအား အသိပညာပေးလုပ်ငန်းများကို အကောင်ထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ “တားဆီးကာကွယ် လူကုန်ကူးမှုအန္တရာယ်” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက စုကလိမြို့၊ ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန Community Center တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး)သီးနှံ စိုက်ပျိုးဖြစ်ထွန်းနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး)သီးနှံ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့ ညနေပိုင်းက နေကြာစိုက်ခင်းများတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
‌ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်း၍ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
Jul 04,2022
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုဝင် ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးတို့က တက်ရောက်ပြီး အလှူငွေ များ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်ရက်ကန်း ခြောက်လသင်တန်း ဖွင့်လှစ်သင်ကြားပေး
Jul 04,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်ရက်ကန်း ခြောက်လသင်တန်းကို ဇူလိုင်လ ၁ရက်နေ့မှစတင်ပြီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  
တံတားဦးမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 04,2022
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တံတားဦးမြို့နယ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်  မြန်မာအမျိုးသမီးများနေ့အခမ်းအနားတက်ရောက်
Jul 04,2022
၂၀၂၂ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးရာအသင်းအဖွဲ့များနှင့် ရပ်မိ၊ ရပ်ဖများ တက်ရောက်ခဲ့ကြသည်။
ဝမ်းတွင်းမြို့နယ်တွင်ဒေသခံပြည်သူ(၈၆.၄၆)ရာခိုင်နှုန်းကျော်အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပြီးစီး
Jul 04,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအနေဖြင့် ဒေသခံပြည်သူ (၈၆.၄၆)ရာခိုင်နှုန်းကျော် ထိုးနှံပြီးစီးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ကုန်စုံဆိုင်များတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပါဝင်မူရှိ/မရှိကွင်းဆင်းစစ်ဆေး
Jul 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုး၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ ဈေးပိုင်းရပ်ကွက်ရှိ လက်လီလက်ကား ရောင်းချနေသော ကုန်စုံဆိုင်များတွင် ရွှေပင်လယ်ပုဇွန် ဟင်းခတ်မှုန့်တွင် ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိနှင့် ကျန်းမာရေးနှင့် ညီညွှတ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။