သတင်းများ

ကလေးမြို့တွင် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ်ထိုးနှံပေး
Jul 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းရှိ၊ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်  ထောက်ပံ့ငွေများပေးအပ်
Jul 04,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ ငွေများကို ဇူလိုင်လ (၁)ရက်နေ့မှစတင်၍ ရပ်ကွက်/ ကျေးရွာများအလိုက်  အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးနေကြောင်း သိရသည်။
အမ်းမြို့နယ် တပ်တောင်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူ(၇၁) ဦးအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jul 04,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တပ်တောင်မြို့နေ ကျောင်းသားကျောင်းသူများနှင့် အခြားစာစစ်ဌာနများ၌ ဝင်ရောက်ဖြေဆိုသည့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူ(၇၁)ဦးတို့အား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်အချိန်က တပ်တောင်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 04,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က ပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရေးမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ
Jul 04,2022
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ငဖဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအသက်(၂၀)နှစ်အောက်နှင့် အလွတ်တန်းစစ်တုရင်ပြိုင်ပွဲကျင်းပ
Jul 04,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအသက်(၂၀)နှစ်အောက်နှင့် အလွတ်တန်း စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ အဖွဲ့ဝင်-၂ ဦးတင်မောင်အေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိန်သောင်း၊ ပြိုင်ပွဲဝင်ကျောင်းသားများ နှင့်ပြည်သူ(၂၂)ဦးတက်ရောက်ခဲ့ကြသည်။
မုံရွာမြို့‌ပေါ် ရပ်ကွက်များရှိ မိဘပြည်သူများနှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍  လိုအပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
Jul 04,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ  မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုး ဦးဆောင်သော ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့သည် ယနေ့ နံနက်(၉)နာရီက မုံရွာမြို့နယ် ဗန္ဓုလရပ်ကွက်ရှိ ဝိသုဒ္ဓိတပ်ဦးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ပြီး လှူဘွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ  ဗန္ဓုလရပ်ကွက်ရှိ မိဘပြည်သူများနှင့် တွေ့ဆုံ၍ လိုအပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့မစည်ပင်သာယာဈေးနှင့် ကျေးလက်ဈေးများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်
Jul 04,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်  ပွင့်ဖြူမြို့မဈေးနှင့် ကျေးလက်ဈေးများဖြစ်သည့် ရှောက်တောဈေး၊ ကုန်းဇောင်း‌ဈေး၊ လယ်ကိုင်းဈေးနှင့် ကျောင်းတော်ရာဈေးတို့အား ဈေးရောင်းဈေးဝယ်များ သန့်ရှင်းသပ်ရပ်စွာ ရောင်းဝယ်နိုင်ရေးအတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အမှိုက်သိမ်းယာဉ်များဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။