သတင်းများ

တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား/သူ(၂၆၅)ဦးအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jul 04,2022
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ရောဂါ
ကျိုက်မရောမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်း သူများအား ကိုဗစ် ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံ
Jul 04,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း အခြေ ခံပညာ ကျောင်းသား၊ ကျောင်းသူများအား Sinopharm ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ ပေးခြင်းအား ယနေ့ နံနက် ၉ နာရီက အ.ထ.က ကျိုက်မရော ကျောင်းခန်းမ၌ ပြုလုပ်ပေးလျက် ရှိသည်။
သိန္နီမြို့နယ်တွင်(၁၈)ကြိမ်မြောက် တစ်မြို့နယ်လုံး စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကျင်းပ
Jul 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် (၁၈)ကြိမ်မြောက် တစ်မြို့နယ်လုံး စုပေါင်းဝါဆို သင်္ကန်းကပ်လှူပွဲကို သိန္နီမြို့ ရွှေဘုန်းပွင့်စေတီတော်မြတ် ဓမ္မာရုံတော်တွင် ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့နယ်၊ ကချင်ကျေးရွာ၊ ကင်းတော် ကျေးရွာ၊ မြစိမ်းရောင်ကော်မတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jul 04,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ခန္တီးမြို့နယ်၊ ကချင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ကချင်ကျေးရွာ၊ ကင်းတော်ကျေးရွာ၊ မြစိမ်းရောင်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Jul 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ(၁၂)အထိကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကျောင်းခန်းမ‌ဆောင်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆက်လက်ဆောင်ရွက်
Jul 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိကလေးငယ်များအား
ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 04,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အနေဖြင့် ကျိန္တလီမြို့ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် (၉)နာရီ အချိန်တွင် အမှတ်(၁)ရပ်ကွက်နှင့် ကျိန္တလီနယ်မြေ ရဲစခန်း ဝန်ထမ်းအိမ်ယာသို့ သွားရောက်ခဲ့ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထန်းတပင်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေးဟောပြော
Jul 04,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်​အတွင်းရှိ ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်၍ အများပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများအား အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။