သတင်းများ

ဘိုကလေးမြို့နယ်တွင် အသက်(၂၀)နှစ်အောက် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်
Jul 04,2022
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ခရိုင်၊ မြို့၊ ရွာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်း လာစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်း ဘောလုံးကွင်းတွင် ဇွန်(၂၁)ရက်နေ့မှ စတင်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီ ကွင်းဖွင့် ဖလား အသက်(၂၀)နှစ်နှင့် အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား စတင်ကျင်းပခဲ့ပြီး ယခုအချိန်တွင် အေးချမ်းပျော်ရွှင်စွာဖြင့် ဆက်လက်ယှဉ်ပြိုင် လျက်ရှိသည်။
မြို့သစ်မြို့နယ်တွင် ဖီးကြမ်းငှက်ပျောစိုက်ပျိုးခြင်းအား တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုး
Jul 04,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာတွင် ဖီးကြမ်းငှက်ပျော စိုက်ပျိုးခြင်းကို ယခင်က တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြသော်လည်း အမြတ်များများ ကျန်သည့်အတွက် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း ဒေသခံငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။
ပိုင်ကျုံမြို့၊ အခြေပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား /သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကွင်းဆင်းထိုးနှံမည်
Jul 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅)နှစ်နှင့်အထက်  ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်‌‌အေးချမ်း သာစွာ ပညာသင်ကြားနိုင်‌စေရန်နှင့် ကာကွယ်‌ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် ပိုင်ကျုံမြို့ အ.ထ.ကကျောင်းရှိကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇူလိုင်လ ၅ ရက်နေ့တွင် ကွင်းဆင်းထိုးနှံပေးမည်ဖြစ်ကြောင်း  သိရသည်။
လူထုအခြေပြုဗဟိုဌာန(ကော့မှူး)၌ စာဖတ်ဝိုင်းကျင်းပ
Jul 04,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်က စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် အုန္နဲပင်ကျေးရွာပြည်သူများ ရက်ကန်းလုပ်ငန်းဖြင့် မိသားစု စားဝတ်နေရေး အပိုဝင်ငွေရရှိ၍ အဆင်ပြေ
Jul 04,2022
စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာအုပ်စု၊ အုန္နဲပင်ကျေးရွာတွင် မိရိုးဖလာတောင်သူလုပ် ငန်းများအပြင် ရက်ကန်းလုပ်ငန်းလုပ်ကိုင်ကြ၍ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၂)လမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Jul 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉  နာရီခွဲအချိန်က (၅၀)ရပ်ကွက် ဒေသန္တရကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြို့မအားကစားကွင်းနှင့်ဘုရားကြီး စေတီကုန်းတို့တွင် အရိပ်ရသစ်ပင်များ ပျော်ရွှင်စွာစိုက်ပျိုး
Jul 04,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် စီမံချက်တို့ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှု စီမံချက်သစ်ပင်စိုက်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက မြို့မအားကစားကွင်းနှင့်ဘုရားကြီး စေတီကုန်းတို့တွင် စိုက်ပျိုးပေးခဲ့သည်။
ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ(သတ္တမအကြိမ်မြောက်) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာအောင် ဆုနှင်းသဘင်အခမ်းအနားကျင်းပ
Jul 04,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ ရန်အောင်မြင်သာသနာ့ဗိမ္မာန်၌ ယမန်နေ့မွန်းလွဲ ၂နာရီက ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ (သတ္တမအကြိမ်မြောက်) နွေရာသီဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာစာအောင်ဆုနှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။