သတင်းများ

ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေး (Talk Show) ပြုလုပ်
Jul 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက စာဖတ်ခြင်းအကျိုး ကျေးဇူးအသိပညာပေး (Talk Show) အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ချင်းပြည်နယ်အတွင်း COVISHIELD ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုံးဝမရှိသေးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Jul 05,2022
ချင်းပြည်နယ်အတွင်း COVISHIELD ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်း မိသားစုဝင်များအား ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်မည့် အစီအမံ ရှင်းလင်းတင်ပြခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
ငပုတောမြို့၌ အသက် (၅)နှစ်မှ (၁၂ )နှစ်အထိ ကျောင်းနေရွယ်ကလေးများအားလုံး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Jul 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အ.မ.က မြို့မ(၂) အခြေခံပညာ မူလတန်းကျောင်းတွင် ယမန်နေ့ နံနက် (၉)နာရီအချိန်က အသက် (၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းနေရွယ် ကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinophram အား ဒုတိယအကြိမ် ထိုးနှံပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးသန်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းတို့မှ ကာကွယ်ဆေး ထိုးနှံနေမှုအား သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြသည်။
ငပု​တောမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီ အဆင့်မြင့် အားကစားသင်တန်း ဖွင့်လှစ်သင်ကြား
Jul 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သော ၂၀၂၂ ခုနှစ်၊ မိုးရာသီအဆင့်မြင့် အားကစား သင်တန်းအား ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ငပုတောမြို့ ပမ္မဝတီအားကစား ကွင်းနှင့် မိုး​လုံလေလုံ အားကစားခန်းမတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်မန်စပ်ကျေးရွာတွင် အရိပ်ရသစ်ပင်များစိုက်ပျိုး
Jul 05,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် စီမံချက်တို့ပူးပေါင်းပြီး အနာဂတ်အတွက် သောက်သုံးရေစီမံချက်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ဟူးခင်ကျေးရွာအုပ်စု မန်စပ်ကျေးရွာစာသင်ကျောင်းတို့တွင် စိုက်ပျိုးပေးခဲ့သည်။
အ-ထ-က(ရွှေသောင်ယံ)တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Jul 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထက(ရွှေသောင်ယံ)တွင် ယမန်နေ့ နံနက် (၉)နာရီအချိန်က အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူ (၃၂၇)ဦးကို ဒုတိယအကြိမ်ကို ကိုဗစ်-၁၉ ရောဂါကာကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ချောင်းသာ၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jul 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ​ချောင်းသာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ​​ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် (၉)နာရီက အမှတ်(၈) အခြေခံပညာ မူလတန်းကျောင်း တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jul 05,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုကို  ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာ​ပေး နှိုးဆော်ခြင်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။