လွိုင်ကော် ဇူလိုင် ၂၈
၂၀၂၂ ခုနှစ်၊ သြဂုတ်လ(၁) ရက်နေ့တွင် စတင်အကောင်အထည်ဖော်မည့် တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် က လွိုင်ကော်မြို့၊ ကယားပြည်နယ် တရားလွှတ်တော်ရှိ ရွှေကိန္နရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်သန်းသန်းအေး က အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ် တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးအရာရှိ ဦးဇင်လင်းသန့် က တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေး အရာရှိက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်ဥပဒေအရာရှိ၊ ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေ ဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများနှင့် တရားသူကြီးများ၊ တရားလွှတ်တော်ရှေ့နေများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)