သတင်းများ

မကွေးပညာရေးဒီဂရီကောလိပ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆိုပြိုင်ပွဲနှင့် ဆုပေးအပ် ချီးမြှင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်  
Aug 03,2022
မကွေးပညာရေးဒီဂရီကောလိပ် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆိုပြိုင်ပွဲနှင့် ဆုပေးအပ် ချီးမြှင့်ပွဲ အခမ်းအနားကို  ယမန်နေ့ ညနေ(၄)နာရီအချိန်က မကွေးပညာရေးဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေ သကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်၊  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်နှင့် leo Shine International Co.,Ltd တို့အား သီးခြားလက်ခံတွေ့ဆုံ
Aug 03,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် leo Shine International Co.,Ltd တို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့သည်။
လိပ်သိုမြို့ လမ်းဦးစီးဌာနမှ သံကူကွန်ကရစ်တံတားသစ်များ တည်ဆောက်ပြီးစီးပြီးဖြစ်၍ မော်တော်ယာဉ်များ သွားလာမှု ပိုမိုမြန်ဆန်ချောမွေ့
Aug 03,2022
ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့ လမ်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့သော တောင်ငူ(ကျောက်တိုင်)-လိပ်သို-လွိုင်ကော်-ဟိုပုံး ပြည်ထောင်စုလမ်း (NH-21) (ကရင် ပြည်နယ်) လမ်းပိုင်းပေါ်ရှိ သံကူကွန်ကရစ်တံတား(၃)စင်း တည်ဆောက်ရေး လုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီးဖြစ်၍ ခရီးသည်နှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာလျက်ရှိရာ ယခင်ကထက် သွားလာမှု ပိုမိုမြန်ဆန်ချောမွေ့လျက်ရှိကြောင်း ယာဉ်မောင်းများထံမှ သိရသည်။
ဂွမြို့ တံတားအမှတ် (၃/၇၈) ရှော်ဖြူတောင်တံတား အချိန်မီ ပြင်ဆင်ပြီးစီး၍ ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်
Aug 03,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် သံတွဲ-ဂွလမ်းပေါ်ရှိ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရဟိုင်ကွင်းကျေးရွာအထွက် မိုင်တိုင်အမှတ် (၇၇/၄နှင့်၇၇/၅)ကြားရှိ တံတားအမှတ် (၃/၇၈) ရှော်ဖြူတောင်တံတား (၆၀)ပေသည်
တွံ​တေးမြို့နယ်၌ မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းများဆောင်ရွက်
Aug 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအားကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထန်တပင်၌ GIS စနစ်ဖြင့် ရပ်ကွက်/ကျေးရွာတည်နေရာ Point စတင် ကောက်ယူ
Aug 02,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက GIS စနစ်ဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာ Point စတင်ကောက်ယူခြင်းကို ယနေ့မှ စတင်၍ မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီ၏ မှိုစိုက်ပျိုးထုတ်လုပ်ရေး အမှတ်စဉ်(၄/၂၀၂၂)သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်
Aug 02,2022
စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီ၏ မှိုစိုက်ပျိုးထုတ်လုပ်ရေး အမှတ်စဉ် (၄/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ကျိုက်မရောမြို့နယ်တွင် GIS နည်းပညာအသုံးပြူ၍ မြေပုံ ရေးဆွဲ ပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း လုပ်ငန်း၊ ရပ်ကွက်/ ကျေးရွာတည်နေရာ  Point များ ကောက်ယူခြင်း သင်တန်း ဖွင့်လှစ်
Aug 02,2022
မွန်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျိုက် မရောမြို့နယ် ဦးစီးမှူးရုံးရှိ သင်တန်းခန်းမ၌ GIS နည်းပညာ အသုံးပြု၍ မြေပုံရေးဆွဲခြင်း ပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း၊ ရပ်ကွက်/ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဝန်ထမ်းများအား သိရှိ နားလည်စေနိုင် ရေးအတွက် ယနေ့ နေ့လည်  ၂ နာရီက သင်တန်း ဖွင့်လှစ် ပို့ချပေးခဲ့သည်။