Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5 ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Aug 05,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကမမောင်းမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ် စည်ပင်သာရေးအဖွဲ့မှ မိုးရာသီတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်
Aug 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပ စေရေးနှင့် မိုးရာသီတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မဂ္ဂင်လမ်းမကြီးရှိ ရေနုတ်မြောင်း ဖော်ထုတ် ရှင်းလင်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေပေးဝေရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 05,2022
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ရေပေးဝေရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို သြဂုတ်လ ၂ ရက်နေ့က စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ် ကိုယ်ဝန်ဆောင်ကျေးရွာအုပ်စု၊ စပါးကြွယ်ကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Aug 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက ယမန်နေ့နံနက်ပိုင်းက ကိုယ်ဝန်ဆောင်ကျေးရွာအုပ်စု၊ စပါးကြွယ်ကျေးရွာသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြပါရန် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Aug 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန် မျိုးစိတ်သစ်” ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေး အတွက် အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများ သိရှိစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် (၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၂၈,၆၂၃ ဦး ထိုးပေးနိုင်ပြီဖြစ်
Aug 05,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၅၂၈,၆၂၃ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ဆီထွက်သီးနှံ ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ထုတ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု
Aug 05,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးထားသော ဆီထွက်သီးနှံဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ထုတ် သီးသန့်/သီးညှပ်စိုက်ခင်း (၁၅)ဧက အောင်မြင်ဖြစ်ထွန်းနေမှုအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်
Aug 05,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂ ခုနှစ်၊ သြဂုတ်လအတွင်း ကျေးရွာ (၁၀) ရွာ စီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က လျာထားကျေးရွာများ အနက်တည်ကုန်းကြီးကျေးရွာအုပ်စု၊ တည်ကုန်းကြီးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20625
Page
20626
Page
20627
Page
20628
Current page
20629
Page
20630
Page
20631
Page
20632
Page
20633
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department