ငပုတော သြဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန် မျိုးစိတ်သစ်” ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေး အတွက် အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများသိရှိစေ ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် (၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူ များလိုက်နာရမည့် အချက်များနှိုးဆော်ပေးရာတွင် မျိုးကွဲသစ်အိုမီခရွန် မျိုးစိတ်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖူးသူများလည်း ပြန်လည်ကူးစက်နိုင်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး ခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုများကို ထိရောက်စွာ လျော့ချနိုင်ခြင်းတို့ကြောင့် မိဘ ပြည်သူများ အနေဖြင့် ကိုဗစ် ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံကြရန်၊ ပြင်ပသို့ထွက်ခွာပါက (mask) နှာခေါင်းစည်း များကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို တတ်နိုင် သလောက်ရှောင်ကြဉ်ကြရန်၊ အရာဝတ္တုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်းလက်ကို ဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် (၂၀)ကြာအောင် မကြာခဏဆေးကြောကြရန်၊ စသည့် ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ ကြောင်း သိရသည်။
အောင်သူ (ငပုတော)