မင်းလှ ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးထားသော ဆီထွက်သီးနှံဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ထုတ် သီးသန့်/သီးညှပ်စိုက်ခင်း (၁၅)ဧက အောင်မြင်ဖြစ်ထွန်းနေမှုအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့် ဝန်ထမ်းများက လှည်းပြင်တင်အုပ်စုအတွင်း စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ထုတ် သီးသန့်/သီးညှပ်စိုက်ခင်းများအား ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တောင်သူဦးတင်ဝင်း၏ မျိုးစေ့ထုတ်စိုက်ခင်းရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း၊ ရရှိလာသည့်မျိုးစေ့များ ဆောင်းရာသီ၌ စိုက်ပျိုးမည့် တောင်သူများကို ဖြန့်ဝေပေးရန် စီစဉ်ထားကြောင်း သိရသည်။
ပေါက်စ(မင်းလှ)