ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူများအား ကူညီ ထောက်ပံ့ နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲနှင့် ရုံတွင်း (In Door) အားကစားပြိုင်ပွဲများ ဖွင့်ပွဲသို့တက်ရောက်

မြစ်ကြီးနား သြဂုတ် ၁၄

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး ထိစပ်သည့်နေရာတွင် တည်ရှိသည့် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင် ပြည်သူများ သည် ဖားကန့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေး အဆောက်အအုံများတွင် အိမ်ထောင်စု (၅၄၅)စု၊ လူဦးရေ ၂၃၁၂ ဦးတို့သည် ခေတ္တတိမ်းရှောင်နေထိုင် လျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ တိုက်ပွဲရှောင် ပြည်သူများအား လတ်တလော နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေး နိုင်ရေးအတွက် လုပ်ဆောင် ပေးသွားရမည်ဖြစ်ပြီး ရေရှည်အတွက် ပြန်လည်ထူ‌ထောင်ရေးနှင့် ပြန်လည်နေရာချ ထားရေးအတွက် စနစ်တကျစီမံခန့်ခွဲနိုင်ရေးအားလုံးက ဝိုင်းဝန်းဆွေးနွေး‌ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မိုးညှင်းခရိုင်နှင့် ဖားကန့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ၊ ငြိမ်းချမ်းရေးအကျိုးတော်‌ဆောင်အဖွဲ့၊ ကချင်ပြည်နယ် အခမဲ့ဆေးဝါး ကုသရေးဖောင်ဒေးရှင်း၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဆယ်ဇင်းဒေသမှ ယာယီတိမ်းရှောင်လာခဲ့ရသည့် ဖြစ်ရပ် ဖြစ်စဉ်များ၊ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ခေတ္တနေရာချထားပေးပြီး ကူညီထောက်ပံ့မှုဆောင်ရွက် ပေးလျက်ရှိသည့် အခြေအနေများ၊ ပြည်နယ်မှ သွားရောက်ကူညီထောက်ပံ့ပေးသွားမည့် အစီအမံများနှင့် ရေရှည်အတွက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် စနစ်တကျစီမံဆောင်ရွက်သွား မည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင် ပြည်သူများ ၏ ယာယီနေထိုင်ရာ နေရာများအထိ လတ်တလော အဆင်ပြေစေရေးအတွက် ကူညီထောက်ပံ့စောင့်ရှောက် မှုပေးနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် ဒေသအာဏာပိုင်အဖွဲ့ အစည်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အတူ မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီများက ကြီးမှူးကျင်းပသည့် ရုံတွင်း (In Door) အားကစားပြိုင်ပွဲ များဖြစ်သည့် ဘောလီဘော၊ ကရာတေး၊ တိုက်ကွမ်ဒို၊ စားပွဲ တင်တင်းနစ်၊ စစ်တုရင် ပြိုင်ပွဲများ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ရုံတွင်း အားကစားပြိုင်ပွဲများ အပါအဝင် အခြားသော ပြိုင်ပွဲများ/သင်တန်းများအားလုံးသည် ပြည်နယ်၏ အနာဂတ် အတွက် အရေးပါသည့် လူငယ်လူရွယ်များကို မွေးထုတ်ပျိုးထောင်ပေးနေသည့် လုပ်ငန်းတစ်ရပ် ဖြစ်ပြီး ပြည်နယ်၏ အနာဂတ်အတွက် တောက်ပလာစေမည့် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့်လည်း သင်တန်းများ၊ ပြိုင်ပွဲငယ်များတွင်သာ ရပ်တန့်မနေဘဲ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရေးနှင့် အားကစားနည်းအလိုက် ဆပ်ကော်မတီများကလည်း အကောင်းဆုံး လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ရုံတွင်းအားကစားနည်း (၅)မျိုးမှ ကရာတေး၊ တိုက်ကွမ်ဒို၊ ဘောလီဘော အားကစားအဖွဲ့များက အားကစားနည်းအလိုက် သရုပ်ပြဖျော်ဖြေတင်ဆက်ပြသခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)