သတင်းများ

ကလေးမြို့တွင် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Aug 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲကို ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် သံဃာ့ဝန်ဆောင်အစည်းအဝေး ကျင်းပ
Aug 24,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယမန်နေ့နေ့လည် ၁နာရီအချိန်က အာဂမဇောတိကာရုံစာသင်တိုက် သာသနာ့ဗိမ္မာန်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
မင်းကင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဟောပြောပွဲကို မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ စကားဝါခန်းမ၌ ယမန်နေ့နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ကမ္ဘာ့ရှေ့ဟောင်းအမေွအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် ပထဝီသ တင်းအချက်များ စနစ်နည်းပညာဆိုင်ရာ သင်တန်းဆင်းပွဲ ကျင်းပ
Aug 24,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲတွင် ပထဝီသတင်းအချက်စနစ် နည်းပညာဆိုင်ရာ လုပ်ငန်းခွင်သင်တန်း Geographical Information System On-job Training (GIS) သင်တန်းဆင်းပွဲ အခမ်းအနားကို ညောင်ပင်ဈေးရပ်ကွက် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ စီမံခန့်ခွဲမှုရုံး၌ ဩဂုတ်လ(၂၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များ အပေါ် ထပ်ဆင့် ရှင်းလင်းမှာကြားခြင်းနှင့်အတူ ကချင်ပြည်နယ်(၆)လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပ
Aug 24,2022
ပြည်ထောင်စု (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့် ရှင်းလင်းခြင်းနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၏ ကချင်ပြည်နယ် (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဒုတိယနေ့)ကို သြဂုတ် ၂၃ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) သို့ တက်ရောက်
Aug 24,2022
ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂)ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကား ပြောကြားသည်။
တနိုင်းမြို့ လူထုအခြေပြုဗဟိုဌာန၌  ပုံပြောပြိုင်ပွဲ၊‌ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဆုပေးပွဲကျင်းပ
Aug 24,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌   ပုံပြောပြိုင်ပွဲ၊‌ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်တွင် သဘာဝမြေဩဇာပြုလုပ်နည်းနှင့် ကြက်သွန်ဖြူပိုးနှင် ဆေးပြုလုပ်နည်း စာတွေ့ လက်တွေ့ ကွင်းသရုပ်ပြပွဲဆောင်ရွက်
Aug 24,2022
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် သဘာဝမြေဩဇာပြုလုပ်နည်းနှင့် ကြက်သွန်ဖြူပိုးနှင် ဆေးပြုလုပ်နည်း စာတွေ့လက်တွေ့ ကွင်းသရုပ်ပြပွဲကို ဩဂုတ်လ ၂၂ ရက် နံနက် ၉ နာရီခွဲက ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။