သတင်းများ

ပေါက်တောမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ
Aug 24,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပသည်။
လှည်းကူးမြို့နယ်၊ မင်းကုန်းအခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Aug 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မင်းကုန်အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်
Aug 24,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရမ်းဗြဲမြို့နယ်၊ ပြည်သူ့ဆေးရုံဝင်းအတွင်း မြို့နယ်မီးသတ်ဦးစီးက လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 24,2022
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်က‌‌လေး‌‌စောင့်‌‌ရှောင့်ရေးအသင်းတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောခြင်းကို အ.ထ.က (၁) ကျောင်း၌ ယမန်နေ့ နံနက်၁၁နာရီက ဟောပြောခဲ့ကြောင်း သိရသည်။
မုံရွာမြို့သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး  အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 24,2022
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန စားသုံးသူကာကွယ်ပေးရေး အသိပညာများ တိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မုံရွာမြို့၊ သူနာပြုသားဖွားသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနခွဲအသီးသီးမှ တာဝန်ခံအရာရှိများ၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသူများ စုစုပေါင်းအင်အား ၈၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများပြုလုပ်‌ပေးပြီး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
Aug 24,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ယနေ့ မွန်းလွဲပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ ဝါးတော၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသော ဥပ္ပါတသန္တိပါဠိတော်နှင့် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်
Aug 24,2022
မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဥပ္ပါတသန္တိပါဠိတော်နှင့် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ သာသနာ့ ဗိမ္မာန်တော်ကြီးတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် (Second Booster Does) ထိုးနှံပေး
Aug 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီးသော မြို့နယ်အတွင်းရှိဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (Second Booster Does) စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။