သတင်းများ

နွေရာသီ အခြေခံအားကစားသင်တန်းများ မြန်အောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီဌာနမှ အခမဲ့သင်ကြားပေးလျက်ရှိ
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီဌာနက နွေရာသီ အခြေခံအားကစားသင်တန်း ကစားနည်း (၆)မျိုးအား (၂၅-၃-၂၀၂၂) ရက်နေ့ ယနေ့မှစ၍ ( ၈-၄-၂၀၂၂)ရက်နေ့အထိ အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် ပဲဆီနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း
Mar 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ ဆွမ်းကိစ္စရပ်များအခက်အခဲမရှိစေရန် ရည်ရွယ်၍ဆွမ်းဆန်တော်၊ ပဲဆီနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့နံနက်၁၀နာရီအချိန်က ပန်စောက်မိန်းကျေးရွာ မြရွှေဂူဘုန်းတော်ကြီးကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။         
မဟာ​အောင်မြေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Mar 25,2022
မန္တလေးတိုင်းဒေကြီး၊ မန္တ​လေးခရိုင်၊ မဟာ​​အောင်မြေမြို့နယ်​ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတွင် ကလေးအလုပ် သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကို ယနေ့ နံနက်(၁ဝ) နာရီက အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟိုပင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း‌ဆွေးနွေးပွဲပြုလုပ်
Mar 25,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက ဆောင်ရွက်ခဲ့သည်။
တောင်ကြီးမြို့တွင် ပြည်သူများအား OSS စနစ်ဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Mar 25,2022
ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Covidshield ကို ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင်များဖြန့်ဝေ
Mar 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့ နံနက်(၇)နာရီက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ဟားခါးမြို့၊ ဗိုလ်တိုက်ချွန်းခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Mar 25,2022
ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နိုင်ငံနှင့်လူမျိုးချစ်မြတ်နိုးပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးဆက်သစ် လူငယ်များ ဖြစ်လာစေရေး ရည်ရွယ်ချက်ဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၌ မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။
ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ရာနှုန်းပြည့်ထိုးနှံနိုင်ရေး Mobile ပူးပေါင်းအဖွဲ့မြို့အဝင်အထွက်ဂိတ်များတွင်စစ်ဆေးထိုးနှံ
Mar 25,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဌာနဆိုင်ရာများနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်း အဖွဲ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၆နာရီခွဲအချိန်က စတင် ပြီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။