သတင်းများ

တိုက်ပွဲရှောင်စခန်း (IDP Camp)တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Mar 23,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် နယ်မြေဒေသအခြေအနေအရ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာ၊ စိန့်ဂျိုးဇက်(IDP Camp)နှင့် တြီနီတီ(IDP Camp)တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသော အင်ဂျန်းယန်မြို့နယ်မှ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏အနီးကပ် ကြီးကြပ်မှုဖြင့် မတ် ၂၁ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
သာပေါင်းမြို့နယ်၊‌ စစ်ပင်ကြီးကျေးရွာ၊ မဏ္ဍိုင်ကျေးရွာနှင့် သံလျှပ်စွန်းကျေးရွာတို့တွင် မိုးသက် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးပြိုကျပျက်စီး၊ နေအိမ်(၅)လုံး အမိုးလန်မှု ဖြစ်ပွား
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီး ကျေးရွာ၊ ကျားရဲ‌ကျေးရွာအုပ်စု၊  မဏ္ဍိုင်ကျေးရွာ၊ သဲဖြူ‌ကျေးရွာအုပ်စု၊ သံလျှပ်စွန်းကျေးရွာတို့၌ ယနေ့နေ့လည် ၁၁ နာရီခွဲ အချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် (၁၅ ပေ၊ အနံ ၁၂ ပေ၊ အနံ ၉ ပေ) ဓနိမိုး၊ ဓနိကာ၊ ကြမ်းခင်း နေအိမ်(၁) လုံးပြို ပျက်စီး၊ (အလျား  ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၁၂ ပေ) ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး၊ (အလျား ၁၀ ပေ၊ အနံ၁၈  ပေ၊ အမြင့် ၈ ပေ) ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး၊ (အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၈ပေ) ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ (အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၈ပေ) ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး၊ (အလျား ၁၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ပေ) ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်(၁) လုံး စုစုပေါင်း နေအိမ်(၅)လုံး အမိုးလန် ဆုံးရှုံးခဲ့ရသည်။
တိုက်ကြီးမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 23,2022
၂၀၂၂ ခုနှစ် မတ် ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ပြည်သူများထံသို့ နေ့ထူးနေ့မြတ်များကို မမေ့အပ်စေရန်နှင့် အသိပညာ ဗဟုသုတတိုးပွားရန်  ရည်ရွယ်၍ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာ အထက်တန်းကျောင်း (မြို့မ)၌  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Mar 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့ မွန်းတည့် ၁၂ နာရီခွဲက အခြေခံပညာကျောင်းများ နှစ်ဆုံးစာမေးပွဲ ဖြေဆိုအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ အခြေခံပညာ အဋ္ဌမတန်း(Grade - 9 ) စာမေးပွဲဖြေဆို
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂ဝ၂၁-၂ဝ၂၂ခု ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် အဌမတန်း (Grade - 9) စာမေးပွဲ ကို ယနေ့ နံနက်(၉) နာရီက သိပ္ပံဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည် ။
(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်အခမဲ့ဖြန့်ဝေ
Mar 23,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့်(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက်(၉)နာရီက  မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများအား ဂုဏ်ပြုဆုများချီးမြှင့်
Mar 23,2022
၂၀၂၂ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြစ်ကြီးနားမြို့၌ ကြီးမှူးကျင်းပ ခဲ့သော တက္ကသိုလ်အဆင့်နှင့် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို မတ် ၂၃ ရက် နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းဖြတ်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့မှ ပူးပေါင်းကျင်းပ၍ ကျောင်းသား၊ ကျောင်းသူများအကျင့် စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးအတွက် လူငယ်ရေးရာ ဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)ကျောင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။