တိုက်ကြီးမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

တိုက်ကြီး မတ် ၂၃

၂၀၂၂ ခုနှစ် မတ် ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ပြည်သူများထံသို့ နေ့ထူးနေ့မြတ်များကို မမေ့အပ်စေရန်နှင့် အသိပညာ ဗဟုသုတတိုးပွားရန်  ရည်ရွယ် (၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာ အထက်တန်းကျောင်း (မြို့မ) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂) ရပ်၊ ‘ကာကွယ် စောင့်ရှောက်သွားမည်သာ’ ခေါင်းစဉ်ပါစာစုများ၊   ဆောင်ပုဒ်များနှင့်  က​ဗျာများကို ဝေဝေဆာဆာ ဖော်ပြထားသည်။

ထိုသို့ (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ရာတွင် ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)