သတင်းများ

ရွှေတောင်မြို့နယ်တွင် အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ကျောင်းသား ကျောင်းသူများ ဖြေဆိုပြီးမြောက်
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ် အခြေခံပညာအတန်းများ၏ နှစ်ဆုံးစာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ယနေ့နံက်ပိုင်းက ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆို ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ပါက အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိ
Mar 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အုတ်တွင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရှာဖွေရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိ၍ ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား တပ်ဖွဲ့ဝင်များအား ရှင်းလင်းမှာကြားဆောင်ရွက်မှုကို မြို့နယ်မီးသတ်ဦးစီးဌာနဝန်းအတွင်း၌ ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၁၁)နာရီက ဈေးဆိုင်များ၊ ဌာနဆိုင်ရာရုံးများနှင့် လမ်းသွားလမ်းလာပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် အဌမတန်း Grade-9 စာမေးပွဲကို အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ နောက်ဆုံးနေ့ဘာသာရပ်ကို အေးချမ်းအောင်မြင်စွာ ဖြေဆို
Mar 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် အဌမတန်း Grade-9 စာမေးပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်း၊ တို့တွင် ကျောင်းသား (၂၂၁)ဦး၊ ကျောင်းသူ (၂၃၀) ဦး၊ စုစုပေါင်း (၄၅၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊
ပင်းတယမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 23,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး( ပင်းတယ)၊ ပင်းတယမြို့နယ် ပညာရေးဦးစီးဌာနနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကာ ယနေ့မွန်းလွှဲပိုင်း (၁) နာရီက ပင်းတယမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။
ရေးမြို့နယ် အမှတ်(၁)အခြေခံပညာ ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 23,2022
နိုင်ငံတစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များအဖြစ် အခြေခံပညာ ကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၁)နာရီက ရေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖားကန့်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအလယ်တန်း (Grade-9) နှစ်ဆုံးစာမေးပွဲဖြေဆိုသူ ၈၃ ရာခိုင်နှုန်းကျော်ရှိ
Mar 23,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွက် အခြေခံပညာအလယ်တန်း(Grade -9) စာမေးပွဲ​ဖြေဆိုသူ ၈၃ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။
မိုင်းပန်မြို့နယ်၌ ကျောင်းသား/သူများအား လူငယ်ရေးရာအသိပညာပေးဟောပြောကျင်းပ
Mar 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ အ.ထ.က(မိုင်းပန်)၊ အ.လ.က(မွေတော်)၊ အ.လ.က(ခွဲ) မြို့မစာသင်ကျောင်းတို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် ၁၁ နာရီ အချိန်ကစ၍ ကျောင်းသားကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခဲ့‌ကြောင်း သိရသည်။