ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေး ဆောင်ရွက်

ကျိုက်ထို  မတ် ၂၇

မွန်ပြည်နယ်၊  ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ် မီးသတ် ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စာစစ်ဌာနများအား စစ်ဆေးဆောင်ရွက်ရာတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ မီးဘေးအန္တရာယ် မရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးခလုတ်များ၊ မီးပလပ်ခေါင်းများ လုံခြုံစိတ်ချမှု  ရှိ/မရှိ နှင့် မီးကြိုးများ ပေါက်ပြဲ မှုရှိမရှိ၊ မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ/ မရှိတို့ကို မြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးနှင့် တပ်ဖွဲ့၀င်များ ၊ပညာရေးမှူး၊ ဆရာ ၊ဆရာမများတို့နှင့်အတူ စာစစ်ဌာနများရှိ စာဖြေခန်းမများအား  စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

သန်းသန်းမော်(ကျိုက်ထို)