သတင်းများ

မြိတ်မြို့တွင် ပြည်သူလူထုအား ထိရောက်သောဝန်ဆောင်မှုပေးနိုင်ရန် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်များ ဆွေးနွေးပို့ချ
Jun 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူလူထုနှင့်တိုက်ရိုက်ထိတွေ့‌ဆောင်ရွက်နေသော ကုန်းလမ်ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများအား ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆက်ဆံရေးကို သိရှိနားလည်ပြီး လုပ်ငန်းခွင်အတွင်းလက်တွေ့ဆောင်ရွက်ရာ၌ အထောက်အကူပြုစေရန်၊ ပြည်သူ လူထုအား ထိရောက်သည့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်အတွက် ယမန်နေ့ ညနေပိုင်းက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြိတ်ခရိုင်ရုံး တွင် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်များ ဆွေးနွေးပို့ချခဲ့သည်။
ဘားအံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Jun 22,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/သူများ၊ မိဘပြည်သူများအနေဖြင့် စာအုပ်စာစောင် များ အလွယ်တကူဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများ၊ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW)များနှင့် တွေ့ဆုံပွဲကျင်းပ
Jun 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများ၊ အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW)များနှင့် တွေ့ဆုံပွဲကို ယမန်နေ့နေ့လည်ပိုင်း က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Jun 22,2022
လက်ပံတန်းမြို့နယ်၏ ၂၀၂၂ခုနှစ် ဇွန်လအတွင်း ကျေးရွာ ၁၀ ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း က သဲဖြူကျေးရွာအုပ်စု ဇလုပ်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများထုတ်ပေး
Jun 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။
ချောင်းသာမြို့ တောင်ကတုံးဘုရားအနီး ကမ်းခြေတွင် ဝေလငါးတစ်ကောင် သောင်တင်သေဆုံး
Jun 22,2022
ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ တောင်ကတုံးဘုရားအနီး ကမ်းခြေတွင် ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ဝေလငါးတစ်ကောင် သောင်တင် သေဆုံးနေကြောင်း တွေ့ရှိရသည်။
စားသုံးသူရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်
Jun 22,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၁) နာရီက စားသုံးသူရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ခဲ့ပါ သည်။
ရေဖြူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေ
Jun 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ (၂)နာရ အချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။