သတင်းများ

သံတောင်ကြီးမြို့နယ် (Community    Centre)  တွင် သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာအသိပညာပေး  Talk   Show ဆောင်ရွက်
Jun 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သွေးလွန်တုပ် ကွေးအကြောင်းသိကောင်းစရာ အသိပညာပေး  Talk Show ကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community   Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပန်လုံမြို့၌ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအတွက် ကွင်းဆင်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jun 24,2022
 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဟိုပန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးဒေါက်တာပြည့်ကိုကို ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း(၁၇)ဦးတို့သည်
သံတောင်ကြီးမြို့နယ်၊ လာမယ်ဖိုလီကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)ဆောင်ရွက်ရန်အတွက် ကွင်းဆင်းဆောင်ရွက်
Jun 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီး၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ထိရောက်အောင်မြင်စေရန်၊ ကျေးရွာလူထုကိုစည်းရုံးလှုံ့ဆော်စည်းရုံးနိုင်စေရန်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်၏အခန်းကဏ္ဍကို သိရှိနားလည်ပြီးကျင့်သုံးတတ်လာစေရန်ရည်ရွယ်၍ လာမယ်ဖိုလီကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP)ဆောင်ရွက်ရန်အတွက် ယမန်နေ့နေ့လည်ပိုင်းက  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂ဝ၂၂-၂ဝ၂၃ မိုးရာသီကာလ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ခင်းကြည့်ရှုစစ်ဆေး
Jun 24,2022
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများကို ယမန်နေ့မွန်းလွဲပိုင်းတွင် ညောင်ရမ်းတောင်ရပ်ကွက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ခင်းတွင် စိုက်ပျိုးထားရှိကြောင်း သိရသည်။
စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ
Jun 24,2022
စာသုံးသူရေးရာဦးစီးဌာန၊ ဒက္ခိဏခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျှက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီတွင် ပျဉ်းမနားမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောပွဲကျင်းပသည်။
သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သည့် နေအိမ်(၂)လုံးအား  ထောက်ပံ့ငွေများ ပေးအပ်
Jun 24,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သည့် နေအိမ် (၂) လုံးအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက  ပြုလုပ်ခဲ့ကြသည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ချည်မျှင်ရှည်(၁၃၈၅၀)ဧက လျာထားစိုက်ပျိုး
Jun 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ချည်မျှင်ရှည်ဝါများ တိုးချဲ့၍လျာထားစိုက်ပျိုးလျက်ရှိရာ မိုးကြိုရာသီတွင် စိုက်ဧက(၂၅၀)ဧက၊ မိုးရာသီတွင် စိုက်ဧက(၃၄၅၀)ဧက၊ မိုးနှောင်းရာသီတွင် စိုက်ဧက(၁၀၁၅၀)ဧက စုစုပေါင်း(၁၃၈၅၀)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ရှမ်းရွာသစ်မြို့တွင် လမ်းဘေးဝဲယာကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း (၉၅)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး
Jun 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာမှ ဘဏ္ဍာနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် လမ်းဘေးဝဲယာကျောက်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို မေလပထမပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၉၅)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။