သံတောင်ကြီးမြို့နယ် (Community    Centre)  တွင် သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာအသိပညာပေး  Talk   Show ဆောင်ရွက်

သံတောင်ကြီး ဇွန်  ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သွေးလွန်တုပ် ကွေးအကြောင်းသိကောင်းစရာ အသိပညာပေး  Talk Show ကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community   Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနော်လော်မူက သွေးလွန်တုပ်ကွေး အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show  ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များပြောကြားပြီး သံတောင်ကြီးမြို့ကျန်းမာရေးဆရာမ ဒေါ်နော်အယ်ဝါးက သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပေါ်ရသည့် အကြောင်းရင်းများ၊ သွေးလွန်တုပ်ကွေးရောဂါကာ ကွယ်ရေးဆောင်ရွက်ရမည့်အရာများ၊ သွေးလွန်တုပ်ကွေးတိုက်ဖျက် ရေး ပြည်သူများအားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေး စသည့်အကြောင်းအရာများအားဆွေးနွေး ပြောကြားခဲ့သည်။

သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး အွန်လိုင်းမှတဆင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ