ဆွမ်ပရာဘွမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ စာအုပ်စာစောင် ခင်းကျင်းပြသ

ဆွမ်ပရာဘွမ် ဇွန်၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်းကာ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းလုပ်ငန်းကို ယနေ့နေ့လည် ၁၂နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာအုပ်၊ စာစောင်ပြသခြင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး)ဒေါ်ဂျေအားနာက ဦးစီးဦးဆောင်ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်းဆောင်ရွက်ရာ ဆွမ်ပရာဘွမ် ပြည်သူ့စာကြည့်တိုက်နှင့် တရင်းတစ်နှီး ရှိစေပြီး အားလပ်ချိန်၌ အချိန် အလဟသ မဖြစ်စေကာ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာမှတ်သား၍ အသိပညာအတတ်ပညာများ တိုးတက်ပွားများစေရန်၊ တစ်ဦးနှင့်တစ်ဦး ဗဟုသုတရရှိစေမည့် စာပေအကြောင်းများ ပြောဆိုတတ်စေရန်နှင့် ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်၊ ဂျာနယ်များကို ကျောင်းသားကျောင်းသူများက ဖတ်ရှုခြင်း၊ လေ့လာခြင်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)