တာမွေမြို့နယ်တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Jun 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အတွင်း/အပြင် သန့်ရှင်းသာယာလှပပြီး ကျောင်းသား/သူများ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန အပါအဝင် သက်ဆိုင်ရာဌာနများနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။