သတင်းများ

မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် ချည်မျှင်ရွှေဝါ တိုးချဲ့ဧရိယာနှင့်မျိုးစေ့ထုတ် ဧရိယာများအတွက် မျိုးဝါစေ့ထောက်ပံ့ပေးအပ်ပွဲပြုလုပ်
Jun 29,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင်၊ မိုးနှောင်း ချည်မျှင်ရှည်ဝါ တိုးချဲ့ဧရိယာနှင့် မျိုးစေ့ထုတ်ဧရိယာများအတွက် မျိုးဝါစေ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပြုလုပ်ခဲ့သည်။
ဘားအံမြို့တွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းတွင် အသိပညာပေး‌ဟောပြောပွဲကျင်းပ
Jun 29,2022
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးကွပ်ကဲမှုအောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ဘားအံ)တွင် ယနေ့နံနက် (၁၀) နာရီက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်တွင် (၁၀၈၉၈၃)ဦးနှင့် ဒုတိယအကြိမ်တွင်(၇၈၅၁၂)ဦးထိုးနှံပြီးဖြစ်
Jun 29,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင်းရှိ ဒေသခံပြည်သူများအား ဦးစားပေးအုပ်စုများ သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် စံညီစာကြည့်တိုက်များကို ဒုတိယအကြိမ် ထပ်မံကြည့်ရှု စစ်ဆေး
Jun 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့ နံနက်နက်ပိုင်းတွင် စံညီစာကြည့်တိုက် များကို ဒုတိယအကြိမ် ထပ်မံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာ၌ လောကရတနာစာကြည့်တိုက် (၃)နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပ
Jun 29,2022
မိတ္ထီလာ၌ လောကရတနာစာကြည့်တိုက်တည်ထောင်ဖွင့်လှစ်သော (၃) နှစ်ပြည့်နှစ်ပတ်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က ပြည်သာယာ(မ)ရပ်ကွက် ရတနာ ဦးကျောင်းတိုက်တွင်ရှိသော အဆိုပါစာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၉၁.၆၁၆)ကျပ်သန်းဖြင့် မိုးလုံလေလုံလေ့ကျင့်ရေးအားကစားရုံ စတင်တည်ဆောက်
Jun 29,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၉၁.၆၁၆)ကျပ်သန်းဖြင့် မိုးလုံလေလုံလေ့ကျင့်ရေးအားကစားရုံ တည်ဆောက်ရန်အတွက် အုတ်မြစ်ချပနက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က နမ္မတူမြို့နယ် ပြည်သူ့အားကစားကွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့၌ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Jun 29,2022
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံထူးချွန်ထက်မြတ်စေရေး ယမန်နေ့မွန်းလွဲ(၂)နာရီခွဲက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိသည်။
လေးမျက်နှာမြို့တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲကျင်းပ
Jun 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲကို ယနေ့ နံနက်(၁၀)နာရီက လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။