သတင်းများ

ဆီဆိုင်မြို့နယ်၌ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ
Aug 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဆီဆိုင်မြိုနယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌ရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း “လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးဆောင်ရွက်မည့်လုပ်ငန်း” မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
မောက်မယ်မြို့နယ်၌ တင်ဒါအောင်ကုမ္ပဏီများနှင့် လုပ်ငန်းမိတ်ဆက်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ
Aug 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား တင်ဒါအောင်မြင်ခဲ့သည့်ကုမ္ပဏီများမှ မိမိတို့လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်အား မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မောက်မယ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
Aug 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိရေး ဖျောက်ဆိပ်ကျေးရွာအဝင်လမ်းအား ကွန်ကရစ်ခင်းပေး
Aug 13,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖျောက်ဆိပ် ပင်ကျေးရွာ အဝင်လမ်းအား ကွန်ကရစ်လမ်းအဖြင့် အဆင့်မြှင့်တင်ပေးလျက်ရှိရာ (၂၅) ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း သိရသည်။
ပုံပါကျင်မြို့၌ ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်
Aug 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၌ ရပ်ကွက်၊ ကျေးရွာနေ ဒေသခံတိုင်းရင်းသားပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရှိရာ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က ပုံပါကျင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမဆောင်၌  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် နယ်လှည့်မိုလ်ဘိုင်း ကွင်းဆင်းဆောင်ရွက်
Aug 13,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့်မိုလ်ဘိုင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း သဘာဝမြေဆွေးပြုလုပ်နေမှု ကွင်းဆင်း
Aug 13,2025
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်စိုက်ကြပ်ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြိုု့နယ်အတွင်း သဘာဝမြေဆွေး ပြုလုပ်နေမှုကိုကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား(ဧပြီ၊ မေ၊ ဇွန်)အတွက် တစ်ဦးလျှင် ကျပ်(၆၀၀၀၀)နှုန်းဖြင့် ကွင်းဆင်းထုတ်ပေး
Aug 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား(ဧပြီ၊ မေ၊ ဇွန်)အတွက် တစ်ဦးလျှင် ကျပ်(၆၀၀၀၀)နှုန်းဖြင့် ကွင်းဆင်းထုတ်ပေးခြင်းကို သြဂုတ် ၁၁ ရက်နေ့ နံနက်(၈)နာရီ၌ အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထုတ်ပေးလျက်ရှိသည်။