အုတ်ဖိုမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

အုတ်ဖို မေ ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ဒေသဖွံ့ဖြိုရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မိုးရာသီအားကစားပြိုင်ပွဲများကျင်းပမည့် မြို့နယ်အားကစားကွင်းနှင့် ဆည်မြောင်းဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့် တူးဖော်မည့် လင်းနို့ချောင်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)