သတင်းများ

အောင်ဆန်း အားကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်ခြင်း ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 31,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၃)တွင် အောင်ဆန်းအားကစားကွင်းအဆင့်မြှင့်တင်တည်ဆောက်ခြင်း ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ရွှေပြည်သာ မြို့နယ်၊ ရန်ကုန်အမှိုက်မှ စွမ်းအင်ထုတ်စက်ရုံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 31,2026
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ ရန်ကုန်အမှိုက်မှ စွမ်းအင်ထုတ်စက်ရုံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မြောက်ဥက္ကလာပမြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲနိုင်ရေး ကွင်းဆင်းစစ်ဆေး
May 31,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးကြပ်၍ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနိုင်ရေးအတွက် အဖွဲ့များခွဲ၍ စုံရက်၊ မရက်များအလိုက် စက်သုံးဆီဆိုင်များတွင် သတ်မှတ်ပုံစံဖြင့် စနစ်တကျစက်သုံးဆီရောင်းချမှုရှိမရှိ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် FAME Pharmaceuticals ဆေးဝါးစက်ရုံအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
May 31,2026
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်ကော်မတီရုံး၊ ကနောင်ခန်းမတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုဇုန်များမှဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများအား တွေ့ဆုံပြီး စက်မှုဇုန်များမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ လိုအပ်သည်များကို မှာကြားသည်။
ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ်၊ နယုန်လပြည့် မဟာသမယ အခါတော်နေ့ လှည့်လည်ပူဇော်ပွဲ ကျင်းပ
May 31,2026
ရွှေတိဂုံစေတီတော် ၁၃၈၈ ခုနှစ်၊ နယုန်လပြည့် မဟာသမယအခါအတော်နေ့ လှည့်လည်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစေတီတော်တွင် ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် Green Circle Company စက်ရုံအတွင်း လုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
May 31,2026
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက Green Circle Company စက်ရုံအတွင်း လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကျွန်းလှမြို့နယ်၌  ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
May 31,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ရွာသီကျေးရွာအုပ်စု၌ ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး ထားဝယ်ပြည်သူ့ဆေးရုံကြီး၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ
May 31,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီး၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ထားဝယ်ပြည်သူ့ဆေးရုံကြီး၊အစည်း အဝေးခန်းမ၌ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး၊ ဆေးရုံအုပ်ကြီး၊ အထူးကု ဆရာဝန်များနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။