ဟိုပုံး မေ ၃၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက သင်တန်းမှသင်ကြားပို့ ချပေးခဲ့သည့် အခြေခံနည်းပညာများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်သင်ယူဖို့ လိုအပ်ကြောင်း၊ မိမိတို့၏ အရည်အချင်းများ အစဉ်တိုးတက်နေအောင် ကိုယ်စွမ်းဉာဏ် စွမ်းရှိသမျှ ကြိုးစားလေ့လာသင်ယူကြရမည်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များကို နည်းပညာ များတိုးတက်မြင့်မားရေးအတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးနှင့် ဝန်ထမ်းများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး တက်ရောက်ခဲ့ကာ Microsoft Word ၊ Excel ၊ Power Point နှင့် Adobe Pagemaker စသည့်ဘာသာရပ်များကို ဧပြီလ ၁ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)