ဖျာပုံ မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာ တောင်သူ ဦးမောင်မောင်သိန်း၏ ကွင်းအမှတ်(၄၀၇- A)၊ ဦးပိုင်အမှတ်(၁/၃၈)၊ ဧရိယာ(၁၀)ဧကရှိ စိုက်ခင်း၌ ဆီထွက်သီးနှံ ဆောင်းနေကြာ ရေဆင်းစပ် မျိုး(၁)မျိုးစေ့ထုတ် စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက် (၉)နာရီ အချိန်ကပြုလုပ်သည်။
ထိုသို့ ဆီထွက်သီးနှံဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲပြုလုပ်ရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်၊ ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုး တက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာအေးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး ဇင်းဘောင်ကျေးရွာ တောင်သူဦး မောင်မောင်သိန်း၏(၁၀)ဧကရှိ လယ်မြေတွင် ဆီထွက် သီးနှံဆောင်းနေကြာ စံကွက်ရိတ်သိမ်းခြွေပြီး တစ်ဧကလျှင် နေကြာ (၂၂.၇၈)တင်း ထွက်ရှိကြောင်း သိရသည်။ ဖျာပုံမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ဆီရိက္ခာ ဖူလုံစေရန်အတွက် ဆီထွက်သီးနှံ ဆောင်းနေကြာကို စိုက်ပျိုးဧက (၅၆၄)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)