သတင်းများ

သာယာဝတီမြို့နယ်တွင် ကြံစိုက်ပျိုးမှု(၃၅၀)ဧက စိုက်ပျိုးထားရှိပြီးစျေးကောင်းရရှိ
Mar 31,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကြံစိုက်ပျိုးမှု (၃၅၀)ဧက စိုက်ပျိုးထားရှိပြီး စျေးကောင်းရရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြဝတီမြို့ ဘုရင့်နောင်ဈေးကြီးတွင် စားသောက်ကုန်နှင့်ဆေးဝါးများ ကျန်းမာရေးနှင့် ညီညွတ်မှုရှိမရှိစစ်ဆေးခြင်းနှင့် ပလတ်စတစ်သုံးစွဲမှုလျော့ကျရေးအသိပညာပေးဆောင်ရွက်
Mar 31,2023
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘရင့်နောင်ဈေးကြီးတွင် ရောင်းချလျက်ရှိသည့် စားသောက်ကုန်များနှင့် ဆေးဝါးများ ကျန်းမာရေးနှင့် ညီညွတ်မှုရှိမရှိ စစ်ဆေးခြင်းနှင့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးဆောင်ရွက်ခြင်းကိုယနေ့နံနက် ၈ နာရီက အဖွဲ့စုံဖြင့် ရှောင်တခင် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နွေစပါးသီးနှံ လျာထားစိုက်ဧကပြည့်မီရေး ကြိုးပမ်းစိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယနေ့အထိ နွေစပါးစိုက်ဧက ၁၄၃၂ ဧက စိုက်ပျိုးပြီးစီး
Mar 31,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၃-၂၀၂၄ ခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီ၌ တစ်မြို့နယ်လုံး နွေစပါးသီးနှံစိုက်ဧက ၂၉၆၁၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရကာဒေသခံတောင်သူများက နွေစပါးသီးနှံ လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ယခု မတ်လဆန်းမှစတင်ပြီး မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံကို အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုး လုပ်ကိုင်လျက်ရှိကြောင်းနှင့် ယနေ့အထိ နွေစပါးသီးနှံ စိုက်ဧက ၁၄၃၂ ဧက စိုက်ပျိုးပြီးစီးသွား ပြီဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ စာဖြေသံဃာနှင့် သီလရှင် ၂၄၀ ပါး ဝင်ရောက်ဖြေဆို
Mar 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ရွာကောက်ရပ်ကွက်ရှိ မင်္ဂလာဗျူဟာသာသနာ့ ဗိမာန်တော်ကြီးအတွင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး
Mar 31,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးသုံးစွဲမှုစနစ်တကျရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။
သာကေတမြို့နယ် (၁၀၈)တောင်စေတီတော်တွင် ကျောက်စိမ်းဗုဒ္ဓရုပ်ပွားဆင်းတုတော် ကိန်းဝပ်စံပါယ်တော်မှု
Mar 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ကျက်သရေဆောင်(၁၀၈)တောင် မဟာဗောဓိစွယ်တော်ရှင်  စေတီတော်မြတ်ကြီး၏ ပုပ္ပာရုံတန်ဆောင်းတွင် ပြည်လုံးချမ်းသာအောင်တော်မှုတန်ဆောင်း၌ ကိန်းဝပ်စံပါယ်တော်မှုမည့် ကျောက်စိမ်းဗုဒ္ဓရုပ်ပွားဆင်းတုတော်သည်   မတ်(၃၀)ရက်နေ့ နံနက်(၉)နာရီမှ တန်ခူးလပြည့်  (၄.၄.၂၀၂၃)ရက်နေ့ နံနက်(၅)နာရီအထိ ရင်ငွေ့ခိုလှုံလျက်ရှိသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီ အခြေခံ အားကစားသင်တန်းများဖြစ်သည့် ဝူရှူး၊တိုက်ကွမ်ဒို၊ ဂျူဒို၊ ဘောလုံးသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၅)အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ ဘုရင့်နောင် ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။