သတင်းများ

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး (Talk Show) ကျင်းပပြုလုပ်
Jan 18,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးတွင် Online စနစ်ဖြင့် လူငယ်ရေးရာအသိပညာပေး (Talk Show)  ဆွေးနွေးပွဲအစီအစဉ်ကို   ယမန်နေ့က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်  ကာယ၊ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်
Jan 18,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jan 18,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြုအသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး  (Booster) ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
နမ့်ခမ်းမြို့ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ပညာရေးစုံညီပွဲတော်ကျင်းပပြီး ကျောင်းသားများ၏ အကပဒေသာတို့ဖြင့် စည်ကားစွာကျင်းပ
Jan 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ အမှတ်(၃) အခြေခံပညာအထက်တန်း၏ ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် ကျောင်းပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၉)နာရီအချိန်ကကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တ ထူးချွန်ဆုများ ချီးမြှင့်၍ ပွဲတော်ကို ကျောင်းသား၊ ကျောင်းသူများ၏ အကပဒေသာတို့ဖြင့် စည်ကားစွာကျင်းပခဲ့​ကြောင်း သိရသည်။ 
ကမမောင်းမြို့၌ ပဲတီစိမ်းစိုက်တောင်သူများ အထွက်နှုန်းကောင်းသဖြင့် စျေးကောင်းများရရှိ
Jan 18,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဒေသတွင်း ရေခံမြေခံ အခြေခံကောင်းမွန်ပြီး စိုက်ပျိုးရေးတွင် အောင်မြင်ဖြစ်ထွန်းသော စိုက်ပျိုးသီးနှံများအပြင် ယခုအခါတွင် စျေးကောင်းများ ရရှိသော ပဲတီစိမ်းများ စိုက်ပျိုးလာကြသည်။
ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများအား စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jan 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ယနေ့ နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့ နာရီစင်ရှေ့တွင် ရောင်းချပေးကြောင်း သိရသည်။
လောင်းလုံးမြို့နယ် မီးသတ်စခန်း၌ တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ရေး လေ့ကျင့်ဆောင်ရွက်
Jan 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ် မီးသတ်စခန်းမှ ယနေ့ နံက် ၇ နာရီ အချိန်က မီးလောင်ကျွမ်းမှုဖြစ်ပေါ်က လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့မှူး၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က‌ကော့မှူး)၌  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။