ကမမောင်း ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ဒေသတွင်း ရေခံမြေခံ အခြေခံကောင်းမွန်ပြီး စိုက်ပျိုးရေးတွင် အောင်မြင်ဖြစ်ထွန်းသော စိုက်ပျိုးသီးနှံများအပြင် ယခုအခါတွင် စျေးကောင်းများ ရရှိသော ပဲတီစိမ်းများ စိုက်ပျိုးလာကြသည်။
ကမမောင်းမြို့တွင် စျေးကွက်ဝင်ပဲတီစိမ်းများအား စိုက်ပျိုးထားရှိပြီး ယခုနှစ်တွင် အထွက်နှူန်း ကောင်းမွန်စွာ ထွက်ရှိသဖြင့် စိုက်ပျိုးသူတောင်သူများ စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့ အထက်မီးဇိုင်းကျေးရွာတွင် တွင်ကျယ်စွာ စိုက်ပျိုးလာကြပြီး မျှော်မှန်းပန်းတိုင်အထွက်နှူန်း (၁)ဧက လျှင် တင်း၂၀ အထိ ရရှိရန် မျှော်မှန်းထားပြီး ၁ ပြည်လျှင် ငွေကျပ် ၂၀၀၀ အထိရရှိနိုင်မည်ဖြစ်ကြောင်း တောင်သူများ အဆင်ပြေရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
တင်တင်လှ(ပြန်/ဆက်)