သတင်းများ

မြောက်ဥက္ကလာပမြို့နယ် ရွှေလှေချောင်းစ၍ ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်းပြုလုပ်ခြင်း ဆောင်ရွက်
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်းပြုလုပ်ခြင်းကို ၂၀၂၂-၂၀၂၃ ရန်ကုန်တိုင်းဒေသကြီးရန်ပုံငွေဖြင့် သုဓမ္မာလမ်းမကြီး ရွှေလှေချောင်းမှ(င)ရပ်ကွက် အမရာလမ်းကြားထိ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် (၇၀)ရာခိုင်နှုန်းပြီးစီးဆောင်ရွက်ပြီးဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးရုံးမှ သိရသည်။
ဘူးသီးတောင်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား/သူများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံ
Jan 18,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား/သူများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Digital Library Management System(DLMS) အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်
Jan 18,2023
မန္တလေးတိုင်းဒေသကြီ ကျောက်ဆည်ခရိုင်     ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက Digital Library Management System (DLMS) အသုံးပြုနည်းဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိရသည်။
ရွှေတောင်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးဟောပြောပွဲကျင်းပ
Jan 18,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာအုပ်စု၊ မယားမာန်အလကကျောင်းတွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးဟောပြောပွဲ ကျင်းပခဲ့သည်။
ဘောဂလိမြို့တွင် ဒေသထွက်သဘာဝနနွင်းချောက် တစ်ပိဿာငွေကျပ် ၅၀၀၀ ဖြင့်ရောင်းချ
Jan 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းနှင့် ဥယျဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိစေရန် မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် နနွင်းစိုက်ပျိုးသည့် လုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း နနွင်းခြောက် တစ်ပိဿာ ၅၀၀၀ ကျပ်ဖြင့် ရောင်းချနေရ၍ နနွင်းစိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝေါမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jan 18,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာပေဗဟုသုတများနှီးနှောဖလှယ်နိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
သံတွဲမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 18,2023
သံတွဲမြို့ အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂နာရီက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။