၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးနဲမြို့နယ် နမ့်မော်ဆွမ့် (အ.လ.က)ကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ 
Jan 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့် အခြေခံပညာအလယ်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ ၊ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ရာ အခမ်းအနားကို နမ့်မော်ဆွမ့် အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသူလေးများက  မြန်မာ့ကျောင်း တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။