လင်းခေးတွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကျင်းပ 
Jan 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ပညာရေးမှူးရုံးက ကြီးမှူး၍ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၉) နာရီက လင်းခေးမြို့အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(လင်းခေး)မှ ကျောင်းသား၊ ကျောင်းသူများက "ကြိုဆိုပါသည်ပညာရေးစုံညီပွဲတော်" တေး သီချင်းဖြင့်သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။