ဘားအံမြို့၌ စာပေဖတ်ရှုလေ့လာမှု အလေ့အထ ဖြစ်စေရေး  ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး 
Jan 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဖတ်ရှုလေ့လာမှုဖြင့် လူသားတိုင်းကိုကောင်းကျိုးပြုနိုင်ရန်  ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library)မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဝန်ဆောင်မှုပေး ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ-ထ-က(ခွဲ-အုန်းတပင်)၊ အုန်းတပင်စာကြည့်တိုက်နှင့် အ-ထ-က(ခွဲ-၃) ကျောင်းများသို့  အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။