သတင်းများ

အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Mar 20,2026
အလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (Book Club)၊ (Women Club)၊ (Youth Club) အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသော “ပျော်မွေ့ဖွယ်ရာတို့တောရွာ မြန်မာ့ရိုးရာဓလေ့များ” စာအုပ်ဖြင့် စာဖတ်ဝိုင်း‌ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကွင်းဆင်းစစ်ဆေး
Mar 20,2026
ကချင်ပြည်နယ်အတွင်း ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မိရိုးဖလာယဉ်ကျေးမှုနှင့်အညီ အများပြည်သူအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ မဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်သွားမည့်နေရာအား ယနေ့နံနက်ပိုင်း က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကမာရွတ်မြို့နယ်ရှိစျေးများ စျေးပိတ်ချိန်မီး ဘေးလုံခြုံမှုရှိစေရေးစစ်ဆေး
Mar 20,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့ညနေ (၆) နာရီခွဲ အချိန်က အမှတ် (၁၀) ရပ်ကွက်၊ ချင်းတွင်းလမ်းနှင့် အင်းယားလမ်းထောင့်ရှိ သံလွင်စျေးနှင့် အမှတ် (၃) ရပ်ကွက်၊ လှည်းတန်းလမ်းရှိ လှည်းတန်းစျေးတို့အား မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရန် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ဆီဆိုင်မြို့တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချစေရေး ကွင်းဆင်းစစ်ဆေး
Mar 20,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေးအတွက် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
လမ်းမတော်မြို့နယ်၌  နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်
Mar 20,2026
ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားခရိုင် ၊ လမ်းမတော်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါရုံး လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
မိုင်းခတ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Mar 20,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စာဖတ်ပရိသတ်များထံ စာအုပ်များငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက်
Mar 20,2026
ကချင်ပြည်နယ်လွှတ်တော်၏ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်း အဝေးကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး သဘာပတိတင်မြောက်ခြင်း အပါအဝင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပြပွဲများ ကျင်းပ
Mar 20,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပြပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။