သတင်းများ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးကျော်မြင့်တို့အား ရွေးကောက်တင်မြှောက်
Mar 21,2026
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပထမနေ့)ကို မတ်လ၂၀ ရက်နေ့ နံနက် ၁၀နာရီက  မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၇၂) ဦး တက်ရောက်ကြသည်။
(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်ကွက်သစ်အလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းဆောင်သစ်ဖွင့်
Mar 20,2026
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကရင်ပြည်နယ် ဘားအံမြို့နယ် လှာကမြင်ကွက်သစ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၏ တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို မတ် ၂၀ ရက် နံနက် ၈ နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။
မဟာအောင်မြေမြို့နယ်၌ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ ပြည်သူများအား ထောင်ပံ့ငွေများပေးအပ်
Mar 20,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၌ သံလျက်မော်အရှေ့ရပ်ကွက်အဝေရာရာမ ရန်ကင်းကျောင်းတိုက်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို ယနေ့ညနေပိုင်းက ထောက်ပံ့ပေးအပ်သည်။
ပြင်ဦးလွင်မြို့တွင် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Mar 20,2026
၂၀၂၆ ခုနှစ် မတ် (၂၁) ရက်၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်  ၉ နာရီက  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံသစ်တောကျောင်းရှိ  ကျွန်းရတနာခန်းမဆောင်၌  ကျင်းပသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃)(၃/၂၀၂၆)သို့ တက်ရောက်မည့် နိုင်ငံသားကောင်းရတနာများအား တွေ့ဆုံ
Mar 20,2026
နိုင်ငံသားအားလုံးသည် မိမိနိုင်ငံကိုကာကွယ်ရန်တာဝန်ရှိပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ တပ်မတော်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃)(၃/၂၀၂၆)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား ကရင်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိ သူများက မတ်လ ၂၀ ရက်နေ့နံနက် ၇ နာရီက ဘားအံမြို့၊နယ်မြေခံသင်တန်းကျောင်းတွင် သွားရောက်တွေ့ဆုံခဲ့ကြသည်။
တတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့ကျင်းပ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့အားရွေးကောက်တင်မြှောက်
Mar 20,2026
တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့ကို မတ် ၂၀ ရက် နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးစန်းကိုနှင့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ဦးအေးမင်းထွေးတို့အား ရွေးချယ်တင်မြှောက်သည်။
တံတားဦးမြို့နယ် သင်ပန်းကျေးရွာနှင့် ခေါင်းကွဲကျေးရွာတို့တွင် စားဖိုချောင်သီးနှံ စိုက်ပျိုး
Mar 20,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သင်ပန်းကျေးရွာနှင့် ခေါင်းကွဲကျေးရွာတို့တွင် ကျေးလက်ဒေသများ၌ တောင်သူများက မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်သီးနှံဝင်ငွေရရှိသည့် စားဖိုချောင်သီးနှံစုံစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြရာ စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် စားဖိုချောင်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း တံတားဦးမြို့နယ် ခေါင်းကွဲကျေးရွာ တောင်သူ ဦးမျိုးတင့် ထံမှသိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး
Mar 20,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့မွန်းလွဲ (၂)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ခဲ့ကြောင်းသိရသည်။