ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း
Mar 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် (၈၁)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဆေးရုံကြီး၏ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ပြုလုပ်ခဲ့ရာ စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ သွားရောက်ကြည့်ရှုအားပေးသည်။