အလုံ မတ် ၂၀
အလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (Book Club)၊ (Women Club)၊ (Youth Club) အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသော “ပျော်မွေ့ဖွယ်ရာတို့တောရွာ မြန်မာ့ရိုးရာဓလေ့များ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင် ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိမွန်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် Women Club အဖွဲ့ဝင် ဒေါ်စုစုလွင်က “ပျော်မွေ့ဖွယ်ရာတို့တောရွာ မြန်မာ့ရိုးရာဓလေ့များ" စာအုပ်ဖြင့်ဆွေးနွေးခဲ့ပြီး Book Club ဥက္ကဋ္ဌ ဦးအောင်စိုးအဖွဲ့ဝင် ဦးမောင်မောင်၊ ကာတွန်း ဦးတင်မောင်မောင်၊ ဦးခင်မောင်ဝင်းတို့က ဖြည့်စွတ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင် ဦးအောင်စိုး ၊ (Book Club) ၊ (Women Club)၊ (Youth Club) အဖွဲ့ဝင် စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကိုလည်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေလုံသား (မြို့နယ်ပြန်/ဆက်)