သတင်းများ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
Mar 21,2026
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာမှ ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားကွင်း၊ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းဆင်းလူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။  
ကွမ်းခြံကုန်းမြို့နယ်၌ နွေရာသီအ‌ခြေခံအားကစားသင်တန်းများ ဖွင့်လှစ်
Mar 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ် လျှပ်စစ်ရုံးမှ ဝန်ထမ်းများက ရပ်ကွက် (၁) ရပ်ကွက်နှင့် ကျေးရွာ (၁၉) ရွာမှ ပြည်သူများ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း
Mar 21,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများက ပြည်သူများ လျှပ်စစ်မီးသုံးစွဲရာတွင် အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ယိမ်းယိုင်နေသည့် ဓာတ်တိုင်များအား တည့်မတ်ခြင်း၊ လျော့ကျနေသည့် လျှပ်စစ်ကြိုးများအား ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရပ်ကွက် (၁) ရပ်ကွက်နှင့် ကျေးရွာ (၁၉) ရွာ၌ စနစ်တကျ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ငလျင်ဘေးနှင့်မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြော
Mar 21,2026
၂၀၂၅ခုနှစ်၊ မတ်လ၂၈ရက်တွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးလှုပ်ခတ်မှုတစ်နှစ်ပြည့်အကြို အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူပညာရေးဒီဂရီကောလိပ်၊ မဟာသရေစည်သူဦးဘခန်းမ၌ မတ် ၂၁ရက် နံနက် ၉နာရီက  ငလျင်ဘေးနှင့်မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောသည်။ 
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Women Club စကားဝိုင်း ကျင်းပ
Mar 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ (၁)နာရီတွင် Women Club စကားဝိုင်း ကျင်းပခဲ့သည်။
(၈၁)နှစ်မြောက် တပ်မတော်နေ့ ကြိုဆိုဂုဏ်ပြု တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် ဂနိုင်ကန်လမ်း(ကတ္တရာလမ်း+ကွန်ကရစ်လမ်း)နှင့် ဂနိုင်ကန်သာယာ ကန်ပတ်လမ်းဖွင့်
Mar 21,2026
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မတ်(၂၀)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်လမ်း (ကတ္တရာလမ်း+ကွန်ကရစ်လမ်း)နှင့် ဂနိုင်ကန်သာယာကန်ပတ်လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။
ဇလွန်မြို့နယ်၌ ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်
Mar 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၁ နာရီတွင် စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
တာမွေမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို မတ် ၂၀ရက်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပသည်။