သတင်းများ

သရက်ချောင်းမြို့နယ်၌ ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာတို့ကို အေးချမ်းစွာဖြေဆိုပြီးစီး
Mar 17,2026
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို (အ-ထ-က)သရက်ချောင်းကျောင်း စာစစ်ဌာနတစ်ခုတည်းတွင် မြို့နယ်အတွင်းမှ ကျောင်းသား/ကျောင်းသူ ၈၅ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ယနေ့မွန်းလွဲ ၁၂နာရီတွင် နောက်ဆုံးနေ့ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာတို့ကို အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးခဲ့‌ကြောင်းသိရသည်။
ဘားအံမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို အေးချမ်းစွာဖြေဆို
Mar 17,2026
၂၀၂၆ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
လေရှီးမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌နောက်ဆုံးနေ့ အောင်မြင်စွာဖြေဆိုပြီးမြောက်
Mar 17,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်ရက် (၁) ဘာသာဖြင့် (၁၁)ရက်နေ့တွင် မြန်မာစာဘာသာကို စတင်ဖြေဆိုခဲ့ကြပြီး ယနေ့နေ့လယ် (၁၂) နာရီအချိန်တွင် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုလျက်အထူးပြုဘာသာရပ်များမရှိ၍ ဘာသာစုံအောင်မြင်စွာ ဖြေဆိုပြီးမြောက်ခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ကျောင်းသားကျောင်းသူများ စာမေးပွဲ ဖြေဆိုနေမှု ကြည့်ရှုအားပေး၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း 
Mar 17,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်စာမေးပွဲများကို ယနေ့စတင်ကျင်းပရာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် လွိုင်ကော်တက္ကသိုလ်တို့၌ ကျောင်းသားကျောင်းသူများ ဝင်ရောက်ဖြေဆိုနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးသည်။
အမရပူရမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များအား ကျောင်းသား၊ ကျောင်းသူ ၉၀ ဒသမ ၅၈ ဖြေဆို
Mar 17,2026
မြန်မာနိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒစဘာသာရပ်များကို အမရပူရမြို့နယ်အတွင်းရှိ ယန္တရားအခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန ၂ ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၀ ဒသမ ၅၈ ရာခိုင်နှုန်း လာရောက်ဖြေဆိုခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မီး‌ဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်
Mar 17,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက စတင်၍ မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေး ဆောင်ရွက်ခဲ့သည်။
မလှိုင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို
Mar 17,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုယ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှ စတင်၍ စာစစ်ဌာန (၅) ခုတို့တွင် ဖြေဆိုလျက်ရှိသည်။