အင်ဂျန်းယန်၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

အင်ဂျန်းယန် ဒီဇင်ဘာ ၁၆

ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်မေရီမီနန်နှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၆၀)ဖြင့် မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က မြို့နယ်ရုံးလုပ်ငန်း ဆောင်ရွက် နေမှုများ၊ မဲရုံသုံးပစ္စည်းထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် ရုံးဆောက်လုပ်မည့် မြေနေရာအား စစ်ဆေးတိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦမှာ အလျား (၄၈)ပေ၊ အနံ (၃၆)ပေ၊ အမြင့် (၁၂)ပေ၊ RC တစ်ထပ် စုစုပေါင်း (၁၇၂၈)စတုရန်းပေနှင့် ရုံးမြေအကျယ်အဝန်း (၁၀၀)ပေ×(၁၀၀)ပေပတ်လည်အတွက် Chain Link ကွန်ကရစ်ကျောက်တိုင် ခြံစည်းရိုးပါဝင်ကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးတင်လင်းအောင်ထံမှ သိရသည်။

ကျော်စိုးနိုင်(ပြန်/ဆက်)