Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ ပထမ ပင်တွန်စာသင်တိုက်တွင် ရှမ်းပြည်နယ် အစိုးရမှ ဆန်အိတ်များလှူဒါန်း
Dec 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ ပထမ ပင်တွန်စာသင်တိုက်တွင် ရှမ်းပြည်နယ်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆွမ်းများ အခက်အခဲမရှိစေရန်အတွက် ရည်ရွယ်၍ လှူဒါန်းလာသော ဆန်အိတ်များအား ယနေ့နံနက်(၁၀)နာရီခွဲခန့် အဆိုပါ စာသင်တိုက်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသ၊ လဟယ်မြို့တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်တီနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် တင်းကြပ်စွာပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့ယ် (၁၅)နာရီအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးစီးဌာန အစည်းအဝေခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပန်နန်းဒင်ဒေသရှိ ပြည်သူများအတွက် အနွေးထည်(၈၀)၊ စားသုံးဆီနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်
Dec 12,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့ဒေသရှိ ပြည်သူများအတွက် အနွေးထည်၊ စားသုံးဆီနှင့် ခေါက်ဆွဲခြောက်များထောက်ပံ့ပေးအပ်ပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီအချိန်က ပန်နန်းဒင်မြို့ရှိ ခါကာဘိုကာဇီ ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ပက်လက်မြို့၌ ကိုဗစ်-၁၉ရောဂါအသိပညာပေး (Talk Show)ပြုလုပ်
Dec 12,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ကိုဗစ်-၁၉ရောဂါအသိပညာပေး (Talk show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ တွင် ဒီဇင်ဘာလ (၁၂)ရက်နေ့က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Dec 12,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီတို့က ယမန်နေ့မွန်းလွဲ (၂)နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်၌ ကြိုးတုပ်လျက် ရေအိုင်ထဲ သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့
Dec 11,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၌ ကြိုးတုပ်လျက် ရေအိုင်ထဲ သေဆုံးနေသည့် အမျိုးသားအလောင်းအား ယနေ့နံနက် ၁၀ ခွဲခန့်က တွေ့ခဲ့ရကြောင်း ဆိပ်မူနယ်မြေရဲစခန်းက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်တွင် အိမ်ပြင်ထွက်သူများအား နှာခေါင်းစည်း တပ်ဆင်မှု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးဆောင်ရွက်
Dec 11,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask) မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာ စျေးလမ်းဆုံနေရာတွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ လူစည်ကားသည့်နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရေး (Mask Campaign) ပြုလုပ်
Dec 11,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် စည်ပင်သာယာဈေးအတွင်းနှင့် ယာယီပျံကျ ဈေးအတွင်း တစ်လျှောက်၌ ဈေးရောင်းသူများ လိုက်နာရမည့်အချက်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဈေးရောင်းသူများနှင့် ဈေးဝယ်သူများ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဈေးဝယ်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များအား Loudspeaker များဖြင့် အသိပညာပေးခြင်းနှင့် ဈေးဝယ်သူနှင့် ဈေးရောင်းသူ Mask မတပ်ဆင်သူများအား Mask Campaign ပြုလုပ်ခြင်းကို ဒီဇင်ဘာ(၁၀)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဝင်း ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်း(၆)ဦးတို့က ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
55
Page
56
Page
57
Page
58
Current page
59
Page
60
Page
61
Page
62
Page
63
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department